Showing posts with label games. Show all posts
Showing posts with label games. Show all posts

Tuesday, October 7, 2008

nintendo DS "new"



ကဲဗျာ မခက်ဘူးလား၊ ကော်နက်ရှင်ကောင်းကောင်းမရတော့ ဘလောက်ဂါမှာဘာ ဖန်ရှင်တွေ အသစ်ထွက်နေ တယ် မသိတော့ဘူး၊ ထားပါတော့လေ အဲဒါတွေ နောက်မှပြောကြတာပေါ့။ မနေ့ကသတင်းစာဖတ်တော့ nintendo ကနေ ဂိမ်းစက်အသစ် ကို version အသစ်နဲ့ထွက်မယ်ပြောတယ်။ ဒီနေ့ connect ဂျာနယ် အဟောင်း တစောင်ကို ဖတ်မိတော့လဲ အဲဒီသတင်းကိုတွေ့တယ်၊ ဒါနဲ့ဘဲ အခုရေးဖြစ်တယ်ပေါ့။


ကျွန်တော်က ငယ်ငယ်ကတည်းက သယ်ရလွယ်တဲ့ ဂိမ်းစက်၊ ဒီဂျစ်တယ် ပစ္စည်းတွေကို အရမ်းသဘောကျခဲ့တာ။ ငယ်ငယ်ကတည်း က ဂိမ်းဝါသနာပါတော့ ကြီးတဲ့ အထိဂိမ်းစက်တွေ နဲ့ဂိမ်းပေါင်းများစွာကို ရင်းနှီးခုန်မင်ခဲ့ဘူးတယ်။ ဒါပေမယ့် ကျွန်တော်က ကွန်ပျူတာ နဲ့ဂိမ်းကစားတာကိုသိပ်ပြီး မနှစ်သက်လှဘူး။ သယ်ရလွယ်တယ်ဆိုတဲ့ အသေးအဖွဲလေးတွေပိုသဘောကျပေမယ့် ခွေဝယ် ရတာခက်တာကြောင်း nintendo ကနေထုတ်တဲ့ gameboy advance မှာတင် ကျွန်တော်ရပ်လိုက်တယ်။ တကယ်သဘော ကျတာက PSP ၊ ဒါပေမယ့် မ၀ယ်ဖြစ်သေးတာနဲ့ ဒီလိုဘဲ PS2 နဲ့ဘဲ လုံးနေတာ။ အခုတော့ ကျွန်တော် PSP ၀ယ်ပြီးနောက်မှာ nintendo က သူ့ရဲ့ portable game တွေထဲက DS ကို version အသစ်နဲ့ထွက်မယ်လို့ပြောပါတယ်။ အဲဒီစက်က PSP နဲ့ အပြိုင်ဖြစ်ပေမယ့် ကျွန်တော်က နဲနဲလေးမှ ကိုသဘော မကျ ပါဘူး။ ပုံစံက ရိုးလွန်းသလို သူ့ရဲ့ ပုံထွက်နဲ့ ထွက်လာတဲ့ ဂိမ်းတွေက ကလေးကလား အရမ်း ဆန်လွန်းတယ်လို့ မြင်မ တယ်။ ဒါကြောင့် မသုံးဖြစ်တာ။ အခုတော့ သူက PSP နဲ့အပြိုင်သုံးနိုင်မယ့် အရာကို ထွင်ပြီးဈေးကွက်ကို ဖြန့်မှာဖြစ်ပါတယ်။ ရောင်းဈေးက PSP လောက်မမြင့်ပေမယ့် ပိုတဲ့ စွမ်းဆောင်ချက်ကတော့ touch အနေနဲ့သုံးလို့ရလာတာ ဖြစ်ပါတယ်။ ဘယ်လို ဘဲပြောပြော PSP ရဲ့ စွမ်းဆောင်ရည်မျိုး အပြည့် အ၀ကိုတော့ ယှဉ်နိုင်စွမ်မရှိဘူးလို့ထင်တာဘဲ။ ကျွန်တော်မကြိုက်တာလဲ ပါမှာ ပေါ့လေ။ DS , DS2 3D စတာတွေထွက်လာပေမယ့် ဂိမ်းရဲ့ ပြည့်စုံမှုနဲ့ အခြားသော multimedia ပြည့်စုံမှုမှာတော့ PSP ကဘဲ ပိုသာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် home game တွေမှာတော့ nintendo ရဲ့ Wii က sony ရဲ့ PS3 ကိုကျော်လွန်ရောင်းချ နိုင်နေတာကတော့ ငြင်းမရပါဘူး။ ဂိမ်းဆိုတာ တခြားသော ကမ္ဘာတခုပါ။ ကျွန်တော်ငယ်ငယ်က တည်းက ယုံကြည်ထားတဲ့အရာပါ။ ဘယ်လိုနည်းပညာတွေတိုးတက်တက်၊ အပြင်လောကနဲ့ဘယ်လိုတူအောင် လုပ်လုပ် အခု wii လို ဆင်ဆာတွေနဲ့ဘယ်လိုသုံးသုံး သဘာဝ အကျဆုံးကတော့ တနေရာမှ ထိုင်နေပြီး လက်ကလေး ၂ခုနဲ့ Game ကစားရ တာကိုက တယ့် အရသာဆိုတာ game ကစားတဲ့သူအပေါင်းသိမှာပါ။ ဒါကြောင့် ဘယ်လိုဖြစ်ဖြစ် အကြိုက်မတူသော်လဲ ကြိုက် တဲ့သူတွေသိအောင် မျှပေးလိုက်တာပါ။ ဒီမှာလေ့လာလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Read More...

Monday, August 11, 2008

God of war - Chains of olympus


This is the free file download for PSP users. The game were most popular in user lest 2 years. Now the new game for you. This is " The God Of War " Chains of Olympus .

Here it is ,

enjoys yourself


Read More...

Friday, July 25, 2008

PSP ကို အင်တာနက် ဘယ်လို ချိတ်မလဲ



  • psp ကို ဖွင့်ပြီးနောက်တဲ့အခါ setting menu ကို ဘယ်ဘက်အဆုံးအထိ ဆွဲသွားလိုက်ပါ
  • အဲဒီကိုရောက်တဲအခါ အောက်ဘက်ထဲက network setting ကို " X " ခလုတ်နှိပ်ပြီး ရွေးလိုက်ပါ
  • ပြီးတဲ့အခါ Infastructure Mode ကို " X " ထပ်နှိပ်ပေးပါ
  • New Connection ကိုရွေးပြီးတဲ့နောက် " X " ကို ဆက်နှိပ်လိုက်ပါ
  • အဲဒီအခါမှာ connection ချိတ်ဆက်ဖို့အတွက် ရလာမှာဖြစ်ပါတယ်( ၀ိုင်ယာလက် ကော်နက်ရှင်ဖြစ်ရပါမယ်) ပြီးတဲ့အခါ "Scan" ကိုရွေးပြီး ဘယ်ဘက်သွားတဲ့ခလုတ်ကိုနှိပ်တဲ့နောက် PsP က သူ့ အနီးအနားမှာရှိနေတဲ့ ၀ိုင်ယာလက် ကော်နက်ရှင်တွေကို စတင်ရှာဖွေမှာဖြစ်ပါတယ်။
  • PSP အနေနဲ့ ကော်နက်ရှင်တွေရှိမရှိ စစ်ဆေးပြီးတဲ့နောက် ရရှိလာတဲ့ ကော်နက်ရှင်တွေကို ပြသပေးမှာ့ဖြစ်ပါတယ်။ တခုထက်ပိုနေတဲ့အခါ အဲဒီထဲက ကိုနှစ်သက်တဲ့ ကော်နက်ရှင်ကိုရွေးရမှာပါ။ တကယ်လို့ ရရှိလာတဲ့ကော်နက်ရှင်က Password ခံထားရင်တော့သင့်အနေဲ့ အဲဒါကိုသိဖို့လိုမှာဖြစ်ပါတယ်။ နောက်တခုက ရရှိနေတဲ့ ကော်နက်ရှင်က အားကောင်းနေဖို့လိုပါတယ်။
  • တကယ်တမ်းကတော့ သင့်ကိုယ်ပိုင် ၊ ဒါမှမဟုတ် အသိတယောက်ယောက်၊ နောက်တမျိုးက ပတ်စဝေါ့ ခံမထားတဲ့ wifi connection ကိုရထားတာပိုကောင်းပါတယ်။ ဒါမှ အလွယ်တကူချိတ်ဆက်လို့ ရမှာပါ။ ဒါတွေ ကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့ " X " ကိုဆက်ပြီး နှိပ်ရပါမယ်။
  • ပြီးတဲ့နောက်မှာတော့ PSP ကနေ ချိတ်ဆက်မိကြောင်း ပြလာတဲ့အခါ ဘယ်ဘက်ခလုတ်ကို နှိပ်ထားရင်း setting ကို save ရပါမယ်။
  • အခုတခါကတော့ ရလာတဲ့ connection ကောင်းမကောင်းကို စစ်ဆေးရပါမယ်။ တကယ်လို့ ပြန်ပြုတ်သွား ရင် နောက်တခါပြန်ပြီး ချိတ်ဆက်ပေးရပါမယ်။
  • Connection ကကောင်းကောင်းချိတ်ဆက်လို့ရသွားတဲ့ အခါမှာတော့ menu ကို သွားပြီး ဘယ်ဘက် ခလုတ် အဆုံးအထိဆွဲပြီး " Network " အဲဒီရောက်ရင် အောက်ကို ဆင်းပြီး internet browser ကို " X " နှိပ်ပြီး ရွေးချယ်ပေးပါ။
  • Browser ပေါ်လာတဲ့အခါမှာ လိပ်စာရိုက်တဲ့ လေးထောင့်နေရာသေးသေးလေးထဲမှာ ကိုသွားလိုတဲ့ လိပ်စာကို ရိုက်ထဲ့ပါ။ ဒါဆို သင့်အနေနဲ့ PSP ကို အသုံးပြုပြီး internet ကို အသုံး ပြုနေနိုင်ပါပြီ။
  • တခုသတိထားရမှာက PSP ကိုအသုံးပြုပြီး ချက်တင် ၀င်ဖို့မသင့်တော်ပါဘူး။ တကယ်လို့ သုံးခဲ့ရင်တော့ ခလုတ်တွေဟာ မကြာခင်မှာဘဲ ပျက်ဆီးကုန်မှာ ဖြစ်ပါတယ်။
  • ပျော်ရွှင်ပါစေ
  • Type the rest of your post here.

Read More...