Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Saturday, August 16, 2008

ကဗျာတပုဒ်ရှိခဲ့တယ်

ကော်ဖီသောက်တဲ့ ကဗျာတပုဒ်က

သူ့မှာ လက်ငါးချောင်းမရှိဘဲ

စိတ်ခံစားမှုတွေကိုဆွဲထုတ်

အများရှေ့မှာ ခင်းပြတတ်ခဲ့တယ်။

ကောင်းကင်ပြာတဲ့နေ့တနေ့ကဘဲ ဖြစ်မယ်ထင်ပါတယ်။ နေပြင်းပြင်း ကာလာတခုကိုရှောင်လွှဲဖို့ အေးမြတဲ့အရိပ်တခုကိုတိုးဝင်လာခဲ့တာ တကယ်တမ်းက သူ့ကို ဆုံတွေ့ချင်လို့ ဖြစ်လိမ့်မယ်လို့မထင်မိခဲ့ဘူး။ ဆင်ခြေတွေမပေးချင်ပါဘူး တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်တက်ခဲ့တဲ့ နှလုံးသားကို အပြစ်တင်ရင် မိုက်မဲတဲ့ အမှုတခု ထပ်တိုးဖို့ကလွဲပြီး ဘာများ ကျွန်တော် ပြောနိုင်ဦးမှာလဲ။ အေးမြတဲ့ အာဝါသတွေကိုခေတ္တပေးစွမ်းနိုင်တဲ့ ကုန်တိုက်တခုပေါ်ကို ၀င်လာမိခဲ့တယ်။ ခြေလှမ်းသုံးဆယ်မပြည့်ခင်မှာတွေ့မိလိုက်တဲ့ သဏ္ဍန်တခုက အာရုံထဲမှာ နေရာ အတော်များများ အရိပ်ထင်သွားခဲ့တယ်။ သမင်လည်ပြန် ဆိုတဲ့ အနေအထားနဲ့ ပြန်ကျလာတဲ့ အကြည့်တစုံက ခြေဆုံးခေါင်းဆုံးမဟုတ်တောင် မျက်ဝန်းတခုနဲ့ " ဆုံ " သွားခြင်းမှာ အနာ ဂါတ် ဟာ မသေချာ ခြင်းများအပြည့်ဖုံးလွှမ်းသွားတာ မသိလိုက်မိဘူး။ သေချာတာက မြန်ဆန်တဲ့ တုန့်ပြန်မှုက သူ့ ကိုစိတ်ဝင်စားမှု ခပ်ဆန်းဆန်း တွေနဲ့ သာယာလိုက်တယ်ဆိုတာဘဲ။

အမြင်အာရုံသက်သက်နဲ့တော့ ရင်မခုန်လောက်ပေမယ့် သံစဉ်ထွေးဖက် ၊ ရုတ်တရက်ထွက်လာတဲ့ သူ့သောတမှာ စီးမြော၊ နာမည်ခေါ်သံတခုကို ကြားမိတယ်ဆိုတာနဲ့ လှမ်းနေတဲ့ ခြေ အစုံ က ရပ်တန့် ၊ ဖြေးဖြေးချင်းနားစွင့်နေလိုက်မိတော့တာဘဲ။ မတည်မြဲခြင်းက ဖောက်ပြန်တဲ့အခါရှိတော့ တကျော့ပြန် လှမ်းလာတဲ့ နတ်မိမယ် လားရာကို ပြန်သွား၊ နီးစပ်တဲ့ ခုံတခုမှာ ထိုင်ရင်း ကာပချီနိုတခွက် နဲ့ ရင်ခုန်သံကိုစည်းချက်လိုက်မိခဲ့တယ်။ သူမကတော့ မိုခါးတခွက်နဲ့ အပေါင်းအဖော်တွေ ကိုသောက်စားနေတယ်။

ကော်ဖီပူပူတခွက်အေးချိန်မှ ထပြန်သွားတဲ့ သူမအရိပ်ကို နှမြောတသနဲ့လှမ်းကြည့်။ အင်းလေ- ကိုနဲ့မှ မဆိုင်သလိုပါဘဲ။

တလမှာ ရက်သုံးဆယ်ဆို သူမနဲ့တွေ့ပြီး တလရဲ့ ငါးပုံတပုံ အကြာမှာ အင်တာနက် cafe တခုရဲ့ ကျဉ်းကြပ်တဲ့ ခုံတခုကိုမှီပြီးထိုင်နေရင်း ဂျီရိပ်အောက်မှာဝင်ရောက်၊ ကိုယ်ပိုင်သတင်းအချက် အလက်တခုကိုကောက်နေတုန်း အင်ဗိုက်တခုကို accept လုပ်မိတယ်။ သူ့နာမည်က netmimel ။ မိနစ်ရဲ့ ငါးခုစာကျော်လွှား၊ တက်လာတဲ့စာက HI netmimel အကောင့်ကနေတက်လာတာ၊ တငိုငိုတရီရီ မချက်တက်ပေမယ့် နှုတ်ဆက်တဲ့ စကားတလုံးကို မတွန်းလှန်တတ်တော့ ပြန်ပြောမိတယ်။ သူဘယ်သူလဲ။

ကော်ဖီဆိုင်မှာလိုက်ကြည့်တာ ဘယ်သူလဲတဲ့ မေးခွန်တခုက စာမကျက်တဲ့ကျောင်းသားမေးခွန်းတိုးသလို တိုးဝင်လာတယ်။ သူ့ပေးတဲ့ ပုစ္ဆာက အဖြေရမခက်တော့ ဘယ်သူလဲ မေးစရာ လိုမယ်မထင်ရဘူး။ ကျိတ်ပြီးတောင် ပြုံးချိန်မရတဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုဟာ ဘယ်ကနေရလာမှန်းမသိတဲ့ ကို့ရဲ့ mail address ။ များများစားစား မပြောဖြစ်ဘူး။ သူ့ ကိုအခု ဘယ်မှာ တွေ့ရမှာလဲ- - - -?

ဆက်ရန် - - - -

Read More...