Type the rest of your post here.
Monday, October 20, 2008
ဂျပွန်ပြည်က စားဖွယ်ရာ
Type the rest of your post here.
Posted by
balargout
at
12:59 AM
1 comments
Links to this post
Labels: စားစရာ, အတွေ့အကြုံ
Sunday, October 5, 2008
bangkok တတိယအခေါက် - ပုံ ၇၀ ကျော်
လူတွေစုံတဲ့ ခေါက်ဆံ (စုံမှာပေါ့ အာရှကရော ဥရောပ ကပါ လာတဲ့သူတွေ ငွေ ကုန် ကျေး ကျသက်သာ တဲ့ ဒီနေ ရာမှဘဲ စတည်းချနေကြတာကိုး၊ စုံလဲစုံ ဈေးလဲသက်သာ ကဲဘာလုပ်မှာလဲ၊ ဒါက ဘန်ကောက်ရဲ့ အသည်း ကျော်တခုပါ)
တက်လိုက်ဆင်းလိုက် မြောင်းဘုတ်လိုက်( မြောင်းဘုတ်ဆို တာ ဘန်ကောက်ရဲ့ ရေဆိုးမြောင်းထဲမှာ ဆွဲတဲ့ ဘုတ်တွေကိုပြောတာပါ။ နံပေမယ့် ကားပိတ်တဲ့ ဒဏ်ကိုခံစရာမလို မြန်တယ် နံတယ် ဘာမှတ်လဲ )
ပြီးတော့ အဲဒါလေးသွားစားသေးတယ် ( အ၀စား၈၉ ဘတ်ဗျ တန်မှတန် - ရောက်တိုင်း တခါတော့ ရအောင်စားတယ် - တန်နွန်းနို့)Type the rest of your post here.
Posted by
balargout
at
10:43 PM
11
comments
Links to this post
Labels: အတွေ့အကြုံ
Saturday, October 4, 2008
အားမနာတတ်တာတွေ
Posted by
balargout
at
9:50 PM
2
comments
Links to this post
Labels: ခံစားမိသမျှ, အတွေ့အကြုံ
Monday, August 18, 2008
nana ကြောင်းတစေ့တစောင်း
နာနားဘူတာနားမှာ နာနားလမ်းသွယ်ရှိတယ်။ တကယ်တော့ ဘန်ကောက်က နာမည်ကျော် ပတ်ပုန်းက နဲနဲလေး နာမည်ရိုးလာတော့ အသွင်ပြောင်းလိုက်တဲ့သဘောဘဲ။ နာနားက အဲဒီိ ပတ်ပုန်း နားမှာဘဲရှိတာ ဘယ်မှဝေးဝေးသွားစရာမလိုဘူး။ ထူးတာကတော့ ပတ်ပုန်းတုန်းကလိုမဟုတ်ဘဲ အပြင်အဆင်တွေ ကွာ သွားတယ်။ အဲဒီိကိုသွားမယ်ဆိုရင် Sky train စီးသွားတဲ့အခါ Phloe Chit station နဲ့ Asoke station ကြား ထဲမှာရှိတယ်။ ဘူတာနာမည်က Nana station ဘဲ။ လမ်းသွယ်တွေက ၁၃၊ ၄၊ ၁၅ စသဖြင့် ရှိကြတယ်။ အရှေ့ အလယ်ပိုင်းက အာရတ်တွေအတွက် အာရပ်ဇုံလေးတခုရှိသေးတယ်။ အဲဒီမှာ တမာကူအိုး ထိုင်ရှူလို့ ရတဲ့ ဆိုင်တွေ၊ အာရပ်သီးသန့် ကလပ်တွေ အများအပြားရှိတယ်။ စားစရာတွေကလဲအီဂျစ်အစားအစာ ဆိုင်တွေ များများရှိပါတယ်။ အာရပ်ကလပ်တွေထဲတော့ မရောက်ဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီက မြန်မာ စားပွဲ ထိုးတယောက်က သူတို့ဆိုင်လက်ကမ်းကြော်ငြာ ကမ်းရင်းမေးကြည့်တော့ ကျွန်တော်တို့တွေ ကြိုက်မှာမဟုတ် ဘူးလို့ပြောပါတယ်။ တကယ်တမ်းက အရက်ကောင်တာ ဘားတွေ သီးသန့် ဖွင့်ထားပြီး အမေရိကန်စတိုင် Pool table တွေခင်းထားတဲ့ ဘားဆိုင်တွေကများတာပါ။ ဆိုင်ရှေ့မှာတော့ အမျိုးသမီးလေး တွေ အစီအရီရပ်နေကြပါတယ်။ သူတို့ဆင်တဲ့ဂွင်ကတော့ လာသောက်တဲ့ နိုင်ငံခြားသားတွေနဲ့ တရင်းတနှီး လေးနေမယ်။ ပြီးတော့အဆင်ပြေတဲ့အခါ နောက်ဇာတ်လမ်းပေါ့။ ရော့ပတ္တမြား ရော့နဂါးပုံမပေါက်အောင် လုပ် ထားတဲ့သဘောပါဘဲ။ လမ်းပေါ်မှာ ကောင်မလေးတွေပြည့်ကြပ်နေတဲ့ အဲဒီတ၀ိုက်မှာ လမ်းဘေးဈေးသည် တွေကတော့ အကင်နဲ့ အခြားပေါ့ပေါ့ပါးပါး စားစရာလေးတွေကို တွန်းလှည်း၊ စက်ဘီးတွေနဲ့လိုက်လံရောင်း ချ ကြပါတယ်။ လမ်းထိပ်မှာတော့ အစီအရီထိုင်နေတဲ့ မဒီတွေကိုတွေ့ရမှာပါ။ ရန်ကုန်နဲ့ထူးမခြားနားပါဘဲ။ အဲဒီက ကောင်မလေးတွေက သိပ်ပြီးမလန်းပါဘူး။ ပြောရရင် အာရှအကြိုက်မဟုတ်ပါဘူး။ ဥရောပအကြိုက် အသက်ကြီးကြီးတွေများပါတယ်။ ကလပ်တွေတော့ ပတ်ပုန်းတုန်းကလိုမရှိပါဘူး။ ပတ်ပုနုးကလဲ အရင်လိုမဟုတ်တော့ ဘဲ ဂျပန်ဘားပုံစံတွေဖြစ်နေပါပြီ။ ငွေကုန်ခံချင်သေးတယ်ဆိုရင်တော့ နာနားမှာ လျောက် ကြည့်ပြီး ကလပ်တွေသွားလို့ရပါတယ်။ ဘားတွေနဲ့ ပုံမှန်ကလပ်တွေက ၁၁ နာရီကျော်ရင်ပိတ်ပါတယ်။ နိုင်ငံ ခြားသားတွေအတွက်ရောပြည်တွင်းကသူတွေအတွက်ကလပ်တွေရောပါ။ ဖွင့်ထားတာကတော့ နားလည်မှုနဲ့ ပေါ့။ Disco club တွေကိုခြေဆန့်ကြည့်မယ်ဆို နာမည်အကြီးဆုံးကတော့ Spicy ပါဘဲ။ ၀င်ကြေးကတော့ ဘတ် ၃၀၀ ပါ။ one drink ပါတယ်။ ကြိုက်တဲ့ဟာသောက်ပေါ့။ ထပ်သောက်ချင်ရင် ဘီယာတလုံး ၂၀၀ ပါ။ အဲဒီကလပ်ကလုံခြုံရေးကောင်းတယ်။ နိုင်ငံခြားသားသီးသန့် ဖြစ်ပြီး အထဲကအပြင်အဆင်က ရန်ကုန် က J.J ကိုတော့မမှီပါဘူး။ ဒါပေမယ့် မနက် ၄ နာရီအထိတရားဝင် ဖွင့်ခွင့်ရထားတဲ့ အတွက် သူ့ဆိုင်မှာ နိုင်ငံခြားသား တွေကတော့ အခြားကလပ်တွေ ပိတ်ရင်ရောက်လာတတ်တာမို့ လူများပါတယ်။ ပိုက်လုံး တလုံးတင်ထားပြီး တက်ကလို့ရတဲ့ စင်သေးသေးလေး ၂ခုကို လူတွေကြားထဲချထားပါတယ်။ ဒီဂျေကလဲ ညံ့တာမို့ ကျွန်တော်ကတော့နောက် ကလပ်တခုကို ဆက်သွားပါတယ်။ အခုနောက်တခုကတော့ Boss club ပါ။ သူလဲ နာမည်ကြီးထဲမှာပါတယ်။ သူကတော့ ၂ထပ်ရှိပါတယ်။ ဒါပေမယ့် လူအရမ်းကြပ်ပါတယ်။ ကောင်မလေးတွေကတော့ အစောကပြောသလို အမိုက်စားတွေ မရှိသလောက်ပါဘဲ။ တယောက်မှ ကြည့်လို့ ကောင်းတာမတွေ့မိပါဘူး။ သူလဲ ၀င်ကြေး ၃၀၀ one drink နဲ့ ဘီယာတလုံး ၂၀၀ ပါဘဲ။ ထပ်ပြီး ချေဆန့်တော့ လပ်ချာပရာပွတ် ၁၄ လမ်းထိပ်က နိုင်ငံခြားသားရော နိုင်ငံသားပါရောနေတဲ့ ကလပ်တခု ကို ရောက်ပါတယ်။ ဆိုင်နာမည်က LUCKY ပါ။ ၀င်ကြေးနဲ့ အခြားအရာတွေကတော့ဈေးတူပေမယ့် ဒီဂျေကောင်း သလို နိုင်ငံသားတွေရှိတော့ အလန်းလေးတွေ ကိုတွေ့ရပါတယ်။ ဒါကြောင့် ဘန်ကောက်ရောက်ရင် ကလပ် အသွားမစောနဲ့လို့မှာချင်ပါတယ်။ တကယ်ကောင်းတာက နိုင်ငံသားတွေဘဲသွားတဲ့ RC ကိုသွားပါ။ ၀င်ကြေး ဈေးသက်သာတယ်။ ကောင်မလေးတွေချောတယ်။ ကျောင်းသူတွေများတယ်။ ပိုက်ဆံသိပ်မကုန်ဘူးပေါ့။ အဲဒီကလပ်က မြန်မာကျောင်းသားတွေများတဲ့ အက်စပန်းရှင်း ယူနီိဗာစီတီနားမှာ ရှိတယ်။ ကျွန်တော်တို့က ထိုင်းနဲ့တူတော့ အေးဆေးဝင်လို့ရတယ်လေ။ တကယ်တော့ ဘန်ကောက်ဆိုတာ ငါတို့ရဲ့ဒုတိယ အိမ်ဘဲ လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောဘူးတယ်။ တကယ်ပါဘဲ ကျွန်တော်တို့ ဘန်ကောက်သွားရင် မြန်မာတွေကို အနှံအပြားမြင်နိုင်တဲ့နေရာတချို့ကို ထပ်ပြောပါဦးမယ်။ ဒီတခါကတော့ ဘက်ဂျက် တိုးတွေသွားတဲ့ ခေါက်ဆန် လမ်းအကြောင်းနဲ့ တရုတ်တန်းအကြောင်းထပ်ပြောပါဦးမယ်။
PS . .ကဲဗျာ ကိုမီထရိုပျော်ပေတော့ :D
Posted by
balargout
at
11:38 PM
1 comments
Links to this post
Labels: အတွေ့အကြုံ












































































