Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, November 13, 2008

ပြိုင်ကြမလား

လာမည့်လအတွင်းပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာ များပြသရောင်းချပွဲတွင် ပါဝင်ပြသလိုသူများ ဆက်သွယ်နိုင်ပါသည်။

အောက်ပါအချက်အလက်များ ကိုလိုက်နာနိုင်လျှင်ပါဝင်ပြသနိုင်ပါသည်။ ၀င်ရောက်ပြသလိုသူများအနေဖြင့်

၁- မိမိ၏ စာမျက်နှာသည် မြန်မာပြည်တွင်းအလွယ်တကူကြည့်ရှုနိုင်သော စာမျက်နှာဖြစ်ရပါမည်။

၂- နိုင်ငံရေးမကင်းရှင်းသော အရေးအသားနှင့် အပြုမူများမပါဝင်ရပါ။

၃- မိမိ၏ စာမျက်နှာကို ပြပွဲတွင်ပြသရန် အပြင်အဆင်ကိုမိမိဘာသာတာဝန်ယူရပါမည်။ ( ဥပမာ - ဗွီနိုင်း နှင့် - အလှအပအပြင်အဆင်- သွားလာမှု)

၎- ရွေးချယ်ခံရသူသည် ၀င်ကြေးအဖြစ် အခမယ့် ဖြစ်ပါသည်။ ( လူဦးရေ ကန့်သတ်ထားသည် )

၅- ပုရိတ်သတ်အကြိုက်ဆုံး စာမျက်နှာကို ပြပွဲအပြီးတွင် ရွေးချယ်ကာ ဆုချီးမြင့်သွားမည်ဖြစ်ပါသည်။

၂၀ - နိုဝင်ဘာ ၂၀၀၈ နောက်ဆုံးထားပြီး အောက်ပါ အီးမေးကို ဆက်သွယ်နိုင်ပါသည်။

zzml33@gmail.com

Read More...

Friday, November 7, 2008

Quantum of Solace



စာရေးဆရာ အီရန်ဖလန်းမင်းရဲ့ ဇာတ်လိုက်ကျော် James Bond ရဲ့ ဗြိတိသျှ လျှို့ဝှက်စုံထောက် ဇာတ်လမ်း တွေရဲ့ နောက်ဆုံး ထုတ် ရုပ်ရှင်ဖြစ်တဲ့ Quantum of Solace ကတော့ဖြင့် ဥရောပရဲ့ ဂျာမနီ နိုင်ငံတော်ကြီးမှ ပြသအသုံးတော်ခံနေပြီဖြစ်ပါတယ်။ အမေရိကန်မှာ Nov 14 မှာ ပြသမှာဖြစ်ပေမယ့် အခု ၆ ရက်နေ့ကစလို့ ပြသနေပြီဖြစ်တဲ့ အဲဒီရုပ်ရှင်ကားက စပြတဲ့နေ့မှာဘဲ ပုရိတ် သတ်တွေနဲ့ James Bond တို့ထုံးစံအတိုင်း အောင်ပွဲခံလျှက်ရှိနေပါတယ်။ နမူနာ တွေကို ကြည့်ရှုခွင့်ရပေမယ့် အဓိက ဇာတ် လမ်းကို မြန်မာပြည်သူတွေအနေနဲ့ ဒီဇင်ဘာမှာ ကြည့်ရှုခွင့်ရလိမ့်မယ်လို့ မင်္ဂလာ ကုမ္ပဏီက ပြောပါတယ်။ ဒီတော့ က ရှေု့ ပြေးအနေနဲ့ အခုဘဲ အဲဒီဇာတ်လမ်း Quantum of Solace ကို ကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။ ဒါရိုက်တာ Marc Forster က ရိုက်ကူးခဲ့ပြီး ဘွန်းမင်းသားသစ် Daniel Craig ရဲ့ ဒုတိယမြောက် ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသမီးအဖြစ် Olga Kurylenko က သရုပ်ဆောင်ထားတဲ့ အရင် သရုပ်ဆောင်ဟောင်းတွေပါဝင်တဲ့ ဒီဇာတ်လမ်းက ဘွန်းကားတွေရဲ့ မူအတိုင်း စွဲဆောင်မှုရှိမယ် လို့ မျှော်လင့်ပါတယ်။ ပြသချိန် ၁၀၆ မိနစ်ကြာရှိမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အမေရိကန်နဲ့ အင်္ဂလန်မှာ တခါတည်း ရုံတင်ပြသ သွားမှာဖြစ်ပါတယ်။
Type the rest of your post here.

Read More...

Sunday, October 19, 2008

ရောင်းမှာနော်


ဘလာဂေါက် ဘိုင်ပျက်နေသည်။ ယိုးဒယားမှ ၀ယ်လာသော 501 levi's super black ကိုရောင်းလိုပါသည်။ ၀တ်ဖူးသူတိုင်း အစစ်အမှန်ဆိုတာသိနိုင်သည်။ ၀ယ်ရင်းဈေး ဘတ် ၂၉၅၀ ကျသည်။ ရန်ကုန်မှာ တစ်သိန်းကျော် ရောင်းပါသည်။ ယခု ချက် ချင်း မြန်မာငွေ ရှစ်သောင်း ပေးလျှင် ရောင်းမည်။ တံဆိပ်မဖြုတ်ရသေးပါ။ ခါးဆိုဒ် ၃၁ လက်မ ၊ အရှည် ၃၂ လက်မ ရှိသည်။ အရောင်ကျွတ်လျှင်ငွေပြန်အမ်းမည်ဆိုသော သက်သေခံပါသည်။ ၀ယ်သည့် ဘောင်ချာ။ တံဆိပ် ပါရောင်းဈေး တထပ်တည်း ပါသည်။ ဘောင်ချာပါ ထည့်ရောင်းမည်။ အမြန်ဆက်သွယ်ပါ။ သင် ၂၀ ရာနှုန်း လျော့ဈေးရနေခြင်း ဖြစ်သည်။
ဝယ်ယူမည့်သူအား မုန့်ကျွေးဦးမည်။ ဘိုင့် ဘိုင်။

Type the rest of your post here.

Read More...

Thursday, October 16, 2008

MAX PAYNE

Based on the legendary, hard-hitting interactive video game, Max Payne tells the story of a maverick cop determined to track down those responsible for the brutal murder of his family and partner.

Hell-bent on revenge, his obsessive investigation takes him on a nightmare journey into a dark underworld. As the mystery deepens, Max (Mark Wahlberg) is forced to battle enemies beyond the natural world and face an unthinkable betrayal.

theaters in oct 17 - 2008


မနက်ဖန်မှာ ရုံတင်တော့မယ့် ဇာတ်ကားအသစ်တခုကို တင်ဆက်လိုက်ပါတယ်။ ကျွန်တော်တော့ မကြည့်ရသေး ပါ ဘူး။ မယ်ဂစ်ဆင် အရင်က ရိုက်ဖူးတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကြောရိုးတော့တူပေမယ့် ဇာတ်လမ်းတူမှာမဟုတ် သလို နာမည်ကြီး အက်ရှင် ဂိမ်းတခုပါ။ သူရဲ့ ၀က်ဆိုဒ်ကို လင့်ပေးထားပါတယ် သွားပြီးလေ့လာနိုင်အောင်ပေါ့။ နီး စပ်ရာ သူတွေက ကြည့်ပြီး ကောင်းမကောင်း ပြန်ပြောပေးကြပါဦး။ ကျွန်တော်ကတော့ ဒီလိုကားမျိုးနှစ်သက် တဲ့ အတွက် ကောင်းမယ်လို့ထင်ပါတယ်။ မူရင်း ဇာတ်လမ်း အကျဉ်း ကိုလဲ အင်္ဂလိပ်လို ဖော်ပြပေးထားပါတယ်။

Type the rest of your post here.

Read More...

Friday, October 3, 2008

ချက်ပြီးတင်ကြည့်မယ်ဆို


ဘယ်သူပို့ထားမှန်းတော့မသိဘူး၊ မေးထဲကို အင်ဗိုက်ရောက်နေတာနဲ့ အဲဒီကိုသွားဝင်ဖြစ်လိုက်တာ။ ချက်တာ ပြုတ်တာ ၀ါသနာ ပါရင်တော့ အဲဒီမှာ မွှေကြည့်ရင်တခုခု တော့ရမှာ သေချာတယ်။ ကျွန်တော်လဲ အားရင် ၀င်မွှေ ဦးမယ်။ ကိုချက်တာတွေလဲ တင်ကြည့်ဦးမယ်။ အခုတော့ Family Oven မှာ အကောင့်လုပ်ပြီးပြီ။ ၀ါသနာ တူရင် join ကြရအောင်။

Read More...

Monday, September 29, 2008

ဘလာဂေါက်ရဲ့ MTV

ဒီလို ကြော်ငြာအားကောင်းကောင်း သုံးပစ်မှာ
ဒီလိုပြင်ဆင်ပြီး
ပဲရစ်လေးနဲ့ အဲဒီလိုကြော်ငြာမယ်
ဒါကတော့မူရင်းပါ

ယုံသော်ရှိမယုံသော်ရှိပေါ့နော်။ တကယ်ပြောတာ။ ဘလာဂေါက်တယောက် MTV တပုဒ်လောက်တော့ ရိုက်တော့မယ်ဗျ။ လွန်ခဲ့တဲ့ ကလေးဘ၀ပေါ့ အသံသွင်းထားတာတော့ ၈ နှစ်လောက်ရှိပြီထင်ပါ့။ အဲဒီသီချင်း လေးကို အရင်ပိုးမသေသေးတော့ ဒါရိုက်တာ အသစ်ကြီးဖြစ်တဲ့ ဘိုဝ ကရိုက်ပေးမယ်ဆိုတာနဲ့ ရိုက်ဖြစ်တော့ မယ်ဗျ။ ကိုတိုင်တော့ နည်းနည်းပါးပါး ဖြတ်လျှောက်အနေအထားနဲ့ ဘဲရိုက်မှာပါ။ မင်းသားမင်းသမီးကိုတော့ ဘလောက်ဂါထဲကဘဲ ရှာကြံထားတာ ဘိုဝ ကသူကိုယ်တိုင် သရုပ်ဆောင်မယ်ဆိုဘဲ။ ဒါပေမယ့် တိုလီလေးကို တော့ နဲနဲ ၀ိတ်ချခိုင်းထားပါတယ်။ သူကလဲ သူပါဝင်ပါရစေလို့ ကမ်းလှမ်းထားတာ အခုဆို ကော်ဖီ ၂ ခွက်နဲ့ ထမင်းတနပ်ကြီးများ တောင်လာပြုစုထားတာ။ မင်းသမီးက တော့ရွေးချယ်နေဆဲပါ။ မကြာခင် မှာဘဲ ကန်တော့ ပွဲပေးတဲ့ အခန်းအနားကျင်းပပြီး စတင်သွားမှာပါ။ လောလောဆည်တော့ ဒါရိုက်တာ ဘိုဝ ခေါ် စိုးကြီး(ကောလင်း) တယောက်က ဇာတ်ညွှန်းကို လက်စသတ်နေဆဲပါတဲ့။ စောင့်မျှော်ကြဦးပေါ့နော်။ ကျွန်တော် တို့လက်ဆော့ထားမယ့် အဲဒီသီချင်းလေးကို အခမဲ့ download ပေးသွားမှာပါ။ မယူလို့မရပါဘူး။ အတင်းကို မေးတွေပို့ပြီး ဖြန့်သွားမယ့် အကြောင်းလေးသိစေချင်ပါတယ်။ ဒီသီချင်း နာမည်ကတော့

"မဆိုချင်သောသီချင်းတပုဒ်" လို့အမည်ရပါတယ်

ကိုတိုင်ရေး ကိုတိုင်ဆို ကိုယ်ပိုင်သံစဉ်ဖြစ်ပါတယ်။ မဆိုချင်သောလဲ ပြောသေးတယ် အခုဘာလို့ဆိုလဲတော့ မမေး နဲ့နော်။


Read More...

vision of my blog

ကျွန်တော့် ဘလောက်အတွက် ရှေ့ရေးကို ဒီရက်ပိုင်းလုံးပန်းနေလိုက်တာ ဘာမှတောင်မရေးဖြစ်ဘူး၊ တကယ်က ပုံတွေတင်နေချင်တာ ၊ တင်မယ်ဆိုပြီးလုပ်ထားတဲ့ ပုံတွေရှိတယ်။ ဒါပေမယ့် ကော်နက်က သိပ်ပြီးမကောင်းတော့ တင်မရဘူး၊ ညဘက်ကျတော့လဲ သေချာမလုပ်ဖြစ်ပြန်ဘူး။ ကျွန်တော့်အနေနဲ့ ဘလောက်ရေးတဲ့ ကိစ္စကို တကယ့်ကိုပီပီပြင်ပြင် ဖြစ်စေချင်သလို မနှစ် ကတည်းက စတင်ထားတဲ့ ကျွန်တော်တို့ မြန်မာဘလောက်ဂါတွေ ဘလောက်ရေးသားခြင်းနဲ့ ၀င်ငွေရရှိစေမယ့်နည်းလမ်းတွေကို အဓိကထား ပြီး လုပ်ဆောင်နေပါတယ်။ အခုဆို အောင်မြင် တော့မယ့် အနေအထားကိုတွေ့နေရပါတယ်။ ကျွန်တော့်ရဲ့ ပုံမှန် လာရောက်လေ့လာနေတဲ့ ပုရိတ်သတ်နဲ့ မိတ်ဆွေတွေ တိုးပွားလာအောင် လုပ်ဆောင်သွားပါမယ်။ နောက်တခုက ကျွန်တော် အပြင် ကျွန်တော့် မိတ်ဆွေ ဘလောက်ဂါများလဲ အခုလို အနေအထားရောက်ရှိလာစေမယ့် နည်းလမ်းတွေကို ကျွန်တော်သိသလောက်မျှဝေ သွားမယ်လို့ ရည်မှန်းထားပါတယ်။ အခု လက်ရှိ အနေ အထားအတိုင်းကနေ အခုထက်ပိုမို ကောင်းမွန်တဲ့ စာပေတွေ နည်းပညာ တွေ ဗဟုသုတတွေ အပြန်အလှန်ဖလှယ်ရင်း လာရောက်တဲ့ မိတ်ဆွေများကိုလဲ ဖျော်ဖြေမှုတခု အဖြစ် ရရှိ လက် ခံလာအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုကြိုးစားသွားမယ့် ကဏ္ဍ တွေထဲမှာ အလှအပရေးရာ၊ ဖက်ရှင်ဒီဇိုင်း၊ နည်းပညာ၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ သိကောင်းစရာတွေ၊ ပျော်ရွှင်ဖွယ် ခရီးစဉ်တွေ၊ အသိပညဖလှယ်တဲ့ အကြောင်းအရာတွေ၊ ချက်စရာ ပြုတ်စရာ၊ သိကောင်းစရာ အဖြစ်အပျက်နဲ့ သတင်းတွေ ၊ ဆောင်းပါးနဲ့ ၀တ္ထုတွေ ကိုအစီအစဉ်တကျနဲ့ ရေးသား တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စိတ်ကူးအဆင့်မှာ ဘဲရှိနေသေးတဲ့ အခု အစီအစဉ်တွေဟာမကြာခင်မှာဘဲ ရုပ်လုံးပေါ်လာပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


Read More...

Monday, September 1, 2008

ဖြေရှင်းချက်



ကျွန်တော် ဒီကနေ့ ရက်စွဲနဲ့ DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ ဘလောက်နည်းပညာဟော ပြောပွဲ အစိုးရက ပိတ်ပင် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြောချင်ပါတယ်။ အခုပြောတဲ့သတင်းကို ကျွန်တော့် သူငယ်ချင်း ပင့်ကူကနေ ကြားသိလာတာဖြစ်ပြီး ကိုဖိုးသူတော်ကို ပြောရက ကျွန်တော်သိခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို ဖတ်ကြည့်တဲ့ အခါမှာ အချက်အလက်တွေ မှားယွင်းနေတဲ့ အပြင် ကျွန်တော်တို့ပွဲစီစဉ်သူတဦးဦးက ပြောကြားထားတဲ့ ပုံစံမျိုးလဲပေါက်နေတာတွေ့ရပါတယ်။

တကယ်တော့ အခုနှစ်ပွဲကို ကျွန်တော်တို့နဲ့အတူ မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်းနဲ့ ပူးတွဲ တင်ဆက်ဖို့နဲ့ အသေအခြာပြောရရင် အဲဒီအသင်းရဲ့ အောက်ကနေ ကျွန်တော်တို့ ပြုလုပ် ဖို့စီစဉ် ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘလောက်တွေကို အများက နိုင်ငံရေးအသုံးချပစ္စည်းတခု အဖြစ်ဘဲ မြင်နေတာရယ်၊ အများက ဘလောက်ဂါဆိုရင် ဒီလိုချည်းဘဲ ဆိုတဲ့ အမြင်တွေကို ခွာချ ပြီး အင်တာ နက်ပေါ်က နည်းပညာတွေနဲ့ ကျွန်တော်တို့ အတွေ့အကြုံတွေ ၊ အခွင့်အလမ်းတွေကို ပြောပြပေးချင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို ကျွန်တော်တို့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်း ကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ အစဦးပိုင်းမှာ သဘောတူညီမှုတွေရခဲ့ ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ ဟာ ကွန်ပျူတာ ပညာရှင်များမဟုတ်တဲ့အတွက် အခု ပွဲကို ဦးဆောင်ပေးဖို့ရာမဖြစ်နိုင်တော့တဲ့ အကြောင်း ပြောခဲ့တာကြောင့် တူတူမလုပ်နိုင်တော့တာဖြစ်ပြီး။ သူတို့ ဦးဆောင်မှုမပါ ဘဲ ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် ပြုလုပ်နိုင်တဲ့ အကြောင်းလဲ သိရပါတယ်။ ဒါပေမယ့် နီးကပ်နေတဲ့ အချိန်၊ စီစဉ်စရာအများအပြားနဲ့ အခြားသော မလိုလားအပ်တဲ့ ပြသနာများ ပေါ်ပေါက်မှာ စိုးရိမ် တဲ့အတွက်ကြောင့် ဆက်မလုပ်ဖို့ရာ ကျွန်တော်တို့ပွဲစီစဉ်သူများက ဆုံးဖြတ်လိုက်တဲ့အတွက် မလုပ်ဖြစ်တော့တာလဲဖြစ်ပါတယ်။ လုံးလုံးလျားလျား ပိတ်ပင်တယ်ဆိုတဲ့ ဖိအားပေးမှုများ ကျွန်တော်တို့ အပေါ်ကို မကျရောက်ခဲ့ပါဘူး။ကျွန်တော်တို့ ရည်ရွယ်ချက်က ရိုးသားပါတယ်၊ သူတပါး အသုံးချခံမဖြစ်ချင်ပါဘူုး။

ပြုလုပ်မဲ့နေရာကလဲ မြန်မာအင်ဖိုတက်အဆောက်အဦးသာဖြစ်ပြီး မနှစ်ကပွဲမှာလဲ အားပေးလေ့လာသူ ၆၀၀ ကျော်တက်ရောက်ခဲ့တဲ့ အောင်မြင်တဲ့ ပွဲတခုဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ ပွဲနဲ့အခုပွဲရဲ့ အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်လူကြီးမရွေး လက်တကမ်းက နည်းပညာနဲ့ ဗဟုသုတတွေ အခွင့်အလမ်းတွေ တိုးပွားစေချင်တာဘဲဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုလို မည်သည့်သတင်းဌာနကိုမှ ဆက်သွယ်ပြောဆိုခြင်းများမရှိသလို သတင်းရေးတဲ့သူတွေကလဲ ကာရကံရှင်တွေ ရဲ့ ပြောစကားမဟုတ်တဲ့ ကိုးကားသတင်းတွေကို ထင်ယောင် ထင်မှားဖြစ်အောင် တဆိတ်ကိုတအိတ်လုပ်ပြီး ပြောဆိုရေးသား ဖော်ပြတာတွေကို ဆက်မလုပ်စေချင်ပါဘူး။

စာဖတ်သူအနေနဲက အခုပေးထား တဲ့သတင်းကိုဖတ်ပြီး ချင့်ချိန်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Read More...

Thursday, August 14, 2008

ဖတ်ကြည့်ပါဦး

ကိုတက်စလာဆိုတာ ကျွန်တော် လေးစားတဲ့ အရေးအသားကောင်း ဘလောက်ဂါတွေထဲက တယောက်ပါ။ ရေးချက်ကကျဲသလောက် ရေးလိုက်တိုင်းလဲ တကယ့် ကိုဖတ်ကောင်းတဲ့ ရသတမျိုးပေးနိုင်တဲ့ သူဆိုလဲ မှားဘူး။ အခုလဲ ကြည့်ပါဦး။ ကျွန်တော်တို့ ကိုအရွှန်းဖောက်ထားတဲ့ရေးသားချက်ကလေး ကတရက်ပြုံးရင်အသက်တရက်ရှည်ဆိုသလို ထိထိမိမိ အချက်ကျကျလေး လှောင်ထားလေရဲ့။ မသိသေးတဲ့ သူဘဲ ဖြစ်ဖြစ် သိပြီးတဲ့ သူဘဲ ဖြစ်ဖြစ် ဖတ်မိအောင် ကျွန်တော်ကဘဲ ဆော်သြော် ရည်ညွှန်းလိုက်ပါတယ်။

Read More...

Monday, August 11, 2008

မြန်မာ ဘလောက်ဂါတွေစုမယ်


ကျွန်တော့် ကို အင်ဗိုက်လုပ်လာတဲ့မေးတခုကြောင့် အခုဘဲ ချက်ခြင်းလှုပ်ရှားမိလိုက်တာကတော့ ကိုညီလင်းဆက် မိတ်ဆက်လာတဲ့ မြန်မာ ဘလောက်ဂါအစည်းအရုံး နာမည်နဲ့ ဆိုဒ်တခုပါ။ အဲဒီမှာ အားလုံးသောက် ဘလောက်ဂါတွေ စုစည်းထားပေးနိုင်ပြီး လိုအပ်တဲ့အချက်အလက် အဆက်အသွယ်တွေရရှိပြီး မိတ်ဆွေတွေတိုးပွားလာနိုင်ပါတယ်။ လူဟောင်းလူသစ်တွေတနေရာထဲမှာပေါင်းစုပြီး ကောင်းမွန်တဲ့ ဆောင် ရွက် ချက်တွေ ကိုဆက်လက်လုပ်ဆောင်လာနိုင်လိမ့်မယ် ပြီးတော့ ပိုပြီးလဲ နွေးနွေးထွေးထွေး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
ဒီတော့ ကျွန်တော်တော့ အဲဒီမှာ ပါဝင်ထားရင်း ကိုယ့်ဟာ ဘယ်သူဆိုတာ ကြေငြာ ပြီး မိတ်ဆက်ထားပါပြီ။ အားလုံး သော မသိသေးသူများ လဲ ဒီနေရာလေးမှာ လာရောက်ပေါင်းစည်းကြပါစို့လို့ ဖိတ်ခေါ်ပါတယ်။ မြန်မာလိုလဲ ရေးလို့ရတယ်။

Type the rest of your post here.

Read More...

Sunday, July 20, 2008

sony media


sony ရဲ့ Vaio digital living system တခု ကိုတင်ဆက်လိုက်ပါတယ်။ Blue Ray DVD ကိုကောင်းကောင်း ဖွင့် နိုင်တဲ့ အဲဒီစက်ရဲ့ စွမ်းဆောင်ရည်က တော့ ကွန်ပျူတာတလုံးထက်သာပါတယ်။ ဈေးနှုန်းကလဲ အလွန်အမင်း သင့်တော်ကောင်းမွန်ပြီး သင့်အနေနဲ့ အသုံးတဲ့မယ့် ပစ္စည်း ပစ္စရတွေ အစုံအလင်ပါရှိပါတယ်။ စွမ်းဆောင် ရည်နဲ့ပေးရတဲ့ ဈေးကတော့ တကယ့် ကိုအံ့မခန်းပါဘဲ ။ Multi media ကောင်းကောင်း သုံးချင်သူ ရုပ်ရှင်ဝါ သနာ အိုးတွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပေါ့။ အခုပြောတဲ့စက် ကလေးကို
Sony Digital Living System with Blu-Ray, DVR and Core 2 Duo လို့ခေါ်ပါတယ်။ ဈေးကတော့ ဒေါ်လာ ၁၀၀၀ နီးပါးတန်ပါတယ်။ သူ့မှာပါဝင်တဲ့လုပ်ဆောင်ချက်တွေနဲ့ တပ်ဆင်ထား တာတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


* Media center PC with Blu-Ray Disc technology and DVR capability
* HDMI and component signals capable of full HD 1080 resolution
* Blu-Ray R and RE burner, Video recording to Blu-Ray Disc media is done in MP2 format only
* Rack style multimedia PC designed for your living room or home theater
* Built-in NTSC and ATSC TV tuners and CableCARD™ support, you can watch and record analog and digital TV directly to the hard drive for on-demand viewing
* Intel® Core™ 2 Duo Processor E6400 running at 2.13GHz with 2MB Advanced Smart Cache
* 500GB 7200 RPM SATA hard drive (250GBx2)
* 2GB DDR2 PC2-5300 667MHz RAM
* 4 USB 2.0 ports (2 in front, 2 in rear)
* 10Base-T/100Base-TX/1000Base-T Ethernet and wireless 802.11 a/b/g networking support
* Sony Sound Reality technology with DSD (Direct Stream Digital) support

အခုပြောတဲ့ ပစ္စည်းလေးကို အခုပေးထားတဲ့လင့်ကနေတဆင့် ၀ယ်ယူနိုင်ပါတယ်။ စိတ်ဝင်စားရင် ပြည်တွင်းကနေ ၀ယ်လို တဲ့ သူများရှိရင် ကျွန်တော့် ကိုမေးပို့ပြီး တဆင့်ဝယ်ယူနိုင်ပါတယ်။ သယ်ယူပို့ဆောင် စားရိတ်နဲ့ ငွေလွှဲခ အဖြစ် ၁၅ ရာခိုင်နှုန်း ရရင်ဝယ်ပေးနိုင်ပါတယ်။

Read More...

Saturday, July 19, 2008

၆၁ နှစ်မြောက်အာဇာနည်နေ့




ဓါတ်ပုံကို ကိုသူတော်နှင့် စိုးဇေယျထံမှရယူပါသည်


ဇူလိုင်လ ကိုတော့ရောက်လာခဲ့ပြီ၊ ၁၉ ရက်နေ့လဲ ရောက်လာခဲ့ပြီ၊ သမိုင်းဆိုတာ လူတွေရဲ့ အရေးပါတဲ့ အပြောင်းအလဲနဲ့ မှတ်သားဖွယ်ရာတွေကို မမေ့မ လျော့အောင် ပြုစုထားတဲ့အရာဘဲ၊ ၆၁ နှစ်တိုင်ခဲ့ပါပြီ။ တကယ့်ကိုကြာခဲ့ပါပြီ၊ ဒါပေမယ့် ပြည်သူတွေရဲ့ရင်ထဲမှာ မေ့လို့မရကောင်းတဲ့ မြန်မာ့သမိုင်းရဲ့ ထွန်း ပြောင်တဲ့ အာဇာနည်တွေထဲက၊ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ ကြတဲ့ အာဇာနည်တွေ ထဲက အလင်းလတ်ဆုံးကြယ်တပွင့်ဖြစ်တဲ့ တပ်မ တော်ရဲ့ဖခင်၊ မြန်မာ့ လွတ်လပ်ရေးရဲ့ ဗိသုကာ၊ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော် အခုလိုနေ့မှဘဲ လုပ်ကြံခံခဲ့ရတဲ့ မြန်မာတို့ရဲ့ အထိမ်း အမှတ် ထားရာ အာဇာနည်နေ့ကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မမေ့မလျော့ဘဲ သတိတရ အမှတ်ဂရု ပြုသင့် ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားကြတဲ့ သူရဲကောင်းများ နှင့် မြန်မာ့ လွတ်လပ်တဲ့ အချုပ်အခြာ ကိုအ ရှည်တည်တံ့အောင် စွမ်းဆောင်ရင်း တရား သော စစ်ကိုဆင်နွှဲခဲ့တဲ့ မြန်မာ့ သူရဲကောင်းများအား ယခုကျရောက်သော အာဇာနည်နေ့မှ အမှတ်တရ ဂါရ၀ ပြုလိုက်ပါသည်။

မိုးလေးကမနက်ပိုင်းမှာတော့ ဆွေးဆွေး မြေ့မြေ့ရွာနေသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် အခုလိုဇူလိုင်လ ကြီး ၊ ဒီနေ့လိုစနေနေ့၊ ကျွန်တော်နာရီတချက်ကြည့်လိုက်သည်။ ရက်စွဲက လဲ ၁၉ ဇူလိုင်၊ အချိန်ကတော့ ၁၀ နာရီသာသာ၊ အော် - - - ဘာလိုလိုနဲ့ ကျွန်တော်တို့ ရဲ့လွတ်လပ်ရေးဗိသုကာကြီးနဲ့တကွ ၀န်ကြီးတွေ လုပ်ကြံ ခံရတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်နေ့ ဖြစ်တဲ့ အာဇာနည်နေ့တောင် ရောက်လာပြန်ပြီကော။
ပြီးခဲ့တဲ့ အတိတ်တွေဆီက ပစ္စုပန် လေးကိုလှမ်းမျှော်ကြည့်ရင်၊ တိတိ ကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ ၆၁ နှစ် တင်းတင်းမှာ၊ ဒီလိုအချိန် ၊ ဒီလိုမျိုးရာသီဥတု ဖြစ်နေချိန်၊ ရန်ကုန်မြို့ကြီးထဲမှာ လူတွေ လှုပ်လှုပ်ရှားရှား သွားလာ နေချိန်၊ - - - -၊ အနာဂါတ်မြန်မာနိုင်ငံတော်အတွက် လွတ်လပ်ရေးရရန် လက်တကမ်းအလို၊ - - သူမျှော်လင့်နေသည့် လွတ်လပ်သည့် မြန်မာနိုင်ငံတော်ကြီးအတွက် အစီအမံများကို အားသွန်ခွန်စိုက်ထည့်လုပ် နေချိန်မှာ ဖြစ်ပေါ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ပီတိတွေ၊ တမဟုတ်ခြင်းပျောက်ပျက်သွားရမယ့် မိနစ်ပိုင်း ကလေး ၊ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ ၁၀နာရီ ၃၅။

ဖုံးမြည်သံကြောင့် ကျွန်တော့် အတွေးတို့ လွင့်စင်ပျောက်ကွယ်ကုန်သွားသည်။ သူငယ်ချင်းတယောက် ရုံးကို လာမည်တဲ့။ စောစောပိုင်းက ရွာသွန်းနေသည့် မိုးက အခုတော့ သူမဟုတ်တော့သည့်နှယ်။ ကျွန်တော်နှင့် ဘာ ညာ၊ ဖိုးသူတော်တို့သုံးယောက် အောက်ကို ဆင်းလာကာ ထမင်းဆိုင်တွင်စောင့်နေသော သူငယ်ချင်းတို့ ထံ ဆင်းလာလိုက်သည်။ တကယ်တော့ ထိုသူများကို ကျွန်တော်သေသေချာချာ မသိသေး၊ အမည်တွေကိုတော့ ကြားဖူးပါသည်။ သူတို့လဲ ကျွန်တော်တို့လို ဘလောက်ရေးသည့် ဘလောက်ဂါများသာ။

ထမင်းစားရင်း ဘာညာကမိတ်ဆက်ပေး၍ ကိုမျိုး နှင့် လွမ်းစေ ဆိုသည့် သူငယ်ချင်းနှစ်ယောက် ကိုခင်မင်မှု ရရှိသွားသည်။ ထိုစဉ် ဘိုဝ( စိုးဇေယျ ) ထံမှ ဖုံးဝင်လာသည်။ အာဇာနည်ကုန်း ကိုသွားမည်တဲ့၊ ကျွန်တော် ရောက်လိမ့် မည်ဟု မမျှော်လင့် ထားသည့် အရာဖြစ်သည်။ ထို့အတူ ကျွန်တော် သွားချင်နေသည့်နေရာ လဲဖြစ်သည်။ ဒီအထိမ်း အမှတ်နေရာကို ကျွန်တော် မရောက်ဖြစ်သည်မှာ ၁၀ နှစ်ကျော်ရှိနေလောက်ပြီ၊ ဒါပေမယ့် ဒီလိုနေ့ရောက်တိုင်း ကျွန်တော် သွားချင်နေသည့်နေရာ ဖြစ်သည်ကတော့ ရွှေတိဂုံ ဘုရားခြေတော်ရင်းက အာဇာနည်တို့ ထာဝရ လဲလျောင်းရာ အာဇာနည်ကုန်း - - -။


နေရောင်ကတော့ ခပ်ပြင်းပြင်းလေး ရှိန်းရှိန်းထအောင်ပူနေသည်။ သို့လော သို့လော နှင့် အာဇာနည်ကုန်းမှာ ပြည်သူလူထု အလေးပြုခွင့်ရမည်မရမည်မှာ သေသေချာချာ မသိရသေး။ ဘိုဝရောက်လာသည်နှင့် သူ၏မနှစ်က အတွေ့အကြုံအရ ဖြစ်သော လုံခြုံရေး အရ အီလက်ထရွန်းနစ်ပစ္စည်းများသည်ဆောင်သွားခွင့်မရှိဟု ပြော လေ ရာ ကျွန်တော်တို့တွင်ပါသောနာရီနှင့် ဖုံးများကို ရုံး၌ သာထားရစ်ခဲ့ရင်း ကားငှားကာ အာဇာနည်ကုန်းရှိရာ သို့ လှမ်းခဲ့ကြလေ၏။ M3 စားသောက်ဆိုင်လောက်မှ စကာ ရွှေဂုံတိုင်လမ်းကို ခတ္တပိတ်ထားသဖြင့် ထိုနေရာမှာ ကားရပ်ရင်း လုံခြုံရေးများအားမေးမြန်းရာ အာဇာနည်ကုန်းသို့ဝင်ရောက်ခွင့်ရရှိခဲ့လေသည်။ လုံခြုံရေးအရ ကျွန်တော်တို့၏ အမည်နှင့် မှတ်ပုံတင်နံပတ်တွေ ကိုစာရင်းပေးသွင်းကြရသည်။ ကျွန်တော့် အမှတ်စဉ်မှာ ၄၇ ။
ဘိုဝနှင့် ကျွန်တော်တို့တွေအပြင် နောက်ထပ် ပြည်သူ ၄ယောက် စုစု ပေါင်း ၁၀ ယောက်သည် အာဇာနည်ကုန်းဝင် ပေါက်သို့ဝင်သည့်အခါ ထပ်မံပြီး စာရင်းပေးသွင်းကြရပြန်သည်။ထို့နောက် လုံခြုံရေး အများအပြား ချထားသည့် အာဇာနည် ဂူဗိမာန် သို့ ကျွန်တော်တို့ ခြင်းနင်းဝင်ရောက်ခဲ့ကြလေသည်။ သတင်းထောက်များကလဲ ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်နေသည်။ အာဇာနည် ဂူဗိမာန် ရှေ့တွင် သက်ဆိုင်ရာ အာဇာနည်ကြီးများ၏ မိသားစုများပေးပို့သော လွမ်းသူ့ပန်းခွေများ အစီအရီထောင်ထားသည်။ ဌာနဆိုင်ရာ အချို့၏ လွမ်းသူ့ပန်းခွေများလဲရှိနေသည်။ ကျွန်တော်တို့၁၀ ယောက် အားဂါရ၀ ပြုရန်အတွက် တာဝန်ရှိအရာရှိတယောက်မှ လမ်းညွှန်ပေးသည်။ အသံချဲ့စက်မှ ဂါရ၀ပြုရန်အတွက် တိုင်ပေးသည့်အသံထွက်လာသည်။

၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်တွင် အာဇာနည်ကြီးများအား ဂါရ၀ ပြုရန် ရောက်ရှိလာသည့် လုပ်သားပြည်သူ များအား အထူးကျေးဇူးတင်ရှိပါတယ်။ အခုအခါ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီးများအား အလေးပြုရန်အတွက် - - -

အားလုံး သတိ- - -
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား - -
အလေး - - ပြု
နေ- - မြဲ

မျှော်လင့်ခြင်းတ၀က် - လွမ်းဆွတ်ခြင်းတ၀က်ဖြင့် ပြည့်နှက်နေသော ကျွန်တောတို့ စိတ်သည် အလေးပြုစဉ် ကြက်သိမ်းမွှေးညှင်းများထသွားမတတ်ခံစားခဲ့ရသည်။ - - အော် -- အမိမြန်မာနိုင်ငံအတွက် ကိုယ်ကျိုးမဖက် အသက်စွန့်သွားခဲ့ကြသည့် မရေမတွက်နိုင်သော အာဇာနည်တွေ - - -။

အသံချဲ့စက်မှ ဆက်လက်ထွက်ပေါ်လာသော အသံကြောင့် ကျွန်တောတို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

နောက်ထပ်ဂါရ၀ ပြုရန်ရောက်ရှိလာသည့် ပြည်သူများအတွက် ဂါရ၀ ပြုပြီးသူများ ဗိမာန် အတွင်းမှ ဆက်လက် ထွက်ခွာပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။ - -

ကျွန်တော်တို့ အားလုံးကို ထွက်ပေါက်ရောက်သည့် အထိ တာဝန်ရှိသူတဦးမှ လိုက်လံ ပို့ဆောင်ပေးသည်။ လမ်း အချို့အား ပိတ်ထားဆဲဖြစ်သဖြင့် နောက်ထပ်ကားငှားစီးရန် အတွက် ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်သို့ ဆက်ပြီးထွက်လာခဲ့သည်။ ကျွန်တော်တို့နောက်ထပ်သွားရန်နေရာကား ဗိုလ်ချုပ်တို့မိသားစုနေထိုင်ခဲ့ရာ အခု ဗိုလ်ချုပ်ပြတိုက်ဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်။

ကားကတော့ ဗိုလ်ချုပ်ပြတိုက်မရောက်ခင်မှာ ရပ်လိုက်သည်။ တေးသံရှင် ဒေါ်မေလှမြိုင်၏ အာဇာနည်နေ့ ကိုတော့ဖြင့် မမေ့သင့်ပါသလေ ဟူသော သီချင်းသံက နားထဲသို့ ပြန့်လွင့်လာသည်။ တောင်ကုန်း ပေါ်က ဗိုလ်ချုပ်နေထိုင်ရာ အိမ်ကြီးကတော့ ပိုင်ရှင်ကို မျှော်နေသည့်နှယ်။ အရင်အတိတ်တွေ ကိုတွေးကြည့်သည်။ အဲဒီနေ့ က ဗိုလ်ချုပ်က ဒီလှေကားအတိုင်းဆင်းလာမယ်၊ ပြီးတော့ မိသားစုကို နှုတ်ဆက်၊ ကားပေါ်တက်ပြီး တော့ မောင်းထွက်သွား၊ - -- အင်းလေ၊ ဖြစ်ပျက်ပြောင်းလဲနေတာ သဘာဝဘဲ - -။

ဝင်ပေါက်မှာ ကျွန်တော်တို့ အမည်စာရင်းသွင်းပြီးနောက် ပြတိုက်ထဲသို့ ၀င်ကြသည်။ အားလုံး ဖိနပ်ချွတ် ကြရ သည်။ ဒါက မြန်မာ ထုံးစံမဟုတ်ပေဘူးလား၊ အိမ်းအတွင်းပိုင်းသို့ မရောက်တာ ကြာပေမယ့် ကျွန်တော် မြင်ခဲ့ ဘူးသော အရင်ကအတိုင်း ပြင်ဆင်ထားသည်။ သို့သော် အပေါ်ထပ်ကိုတော့ တက်ခွင့်မရတော့၊ ပြီးခဲ့သည့် နာဂစ် မုန်တိုင်းသည် ဗိုလ်ချုပ်၏ အိမ်ကိုလည်း ၀င်ရောက်ခဲ့သည်။ အရာအားလုံးသည် ဖြစ်မြဲတိုင်းသာ။ ပြန်လည်ပြင်ဆင်ထားသည့် အစိတ်အပိုင်းများနှင့် အပျက်အဆီးများကို ဓါတ်ပုံများဖြင့် ပြသထားသည်။ အချိန် အတန်ကြာအောင်ကြည့်ရှု ပြီးနောက် ကျွန်တော်တို့ ပြန်ထွက်လာခဲ့ကြသည်။

နေ့တနေ့တော့ ပြီးဆုံးသွားပြန်ပြီ၊ သမိုင်းနှင့်တကွသော လူ့ယဉ်ကျေးမှု အစိတ်အပိုင်းကြီးသည် ဆက်လက် ရွေ့ လျားနေဆဲ၊ ကြ&