blog seminar အတွက် အလုပ်တော်တော်များများတော့ လုပ်လို့ပြီးသလောက်ရှိနေပြီ။ ဒါပေမယ့် လိုအပ်နေတဲ့ အရာတွေကို ဆက်လုပ်ဖို့ ငွေကြေးအင်အား အနည်းငယ်လိုအပ်နေပါသေးတယ်။ တကယ်လို့ အချိန်မှီမှာ ကျွန်တော်တို့လိုအပ်တဲ့ ရံပုံငွေ များမရရှိခဲ့ရင် အစီအစဉ်အချို့ကို ဖြုတ်ရမှာပါဘဲ။ သို့ပေမယ့် ကျွန်တော်ထင်ပါတယ် အခုကျွန်တော်တို့ လုပ်ထားသလောက်တောင် တော်တော်လေး လှပတဲ့ ပွဲတခုဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။
Read More...
Collapse...

soi nana , soi cowboy အဲဒီ အကြောင်းလေး တွေ မဖတ်ချင်ဘူးလား။ အိပ်ရေးပျက်ခံပြီး ရှာထားရတာ နော်။
မကြာမှီလာမည်ပေါ့။ ပြီးတော့ နိုင်ငံခြားသား တွေမှ ၀င်ရတဲ့ နာမည်ကြီး ကလပ်တွေ အကြောင်း spicy , boss, lucky စတဲ့ အကြောင်းလေးတွေ ဖောက်သည်ချ ချင်လို့ :)
Read More...
Collapse...


Suan Lum ညဈေးက ဘန်ကောက်မြို့ Pathum Wan ခရိုင်မှာရှိပါတယ်။ အဲဒီခရိုင်မှာ နာမည်ကျော် Pathum ဈေးလဲရှိတယ်။ Lumphini Park နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး။ Lumphini ဘူတာမှာဘဲ နားမှာ ရှိပါတယ်။ ရာမ ၄ လမ်း Sathorn လမ်းကြားမှာပါ။ ၂၀၀၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘန်ကောက်ညဈေးလို့ လူသိများတဲ့ Suan Lum ဟာ နိုင်ငံတကာက ဧည့်သည်တွေ လာရောက်ကြတဲ့ စည်ကား တဲ့ နေရာတခု ထဲမှာ ပါတဲ့ နေရာတခုပါဘဲ။ ညနေ ၃နာရီကနေ သန်းကောင်ယံအထိဖွင့် တဲ့ အဲဒီညဈေးမှာ အမှတ်တရ လက်ဆောင်တွေကို ၀ယ်ယူနိုင်သလို ထိုင်းနိုင်ငံသာမက နိုင်ငံတကာက ပစည်းတွေ ကိုပါ ၀ယ်ယူရရှိနိုင်ပါတယ်။ တခုရှိတာက နိုင်ငံတကာဧည့်သည်တွေ အ၀ယ်များတော့ ဈေးဆစ်တတ်ဖို့လိုပါတယ်။ မြန်မာတွေအနေနဲ့ မြန်မာ လိုပြောတတ်တဲ့ အလုပ်သမားတွေ အဲဒီက ဆိုင်တွေ တော်တော်များများမှာ ရှိနေတယ် ဆိုတာ အသိပေးပါရစေ။
စားသောက်ဆိုင် အများအပြားတည်ရှိနေသလို။ လေဟာပြင်စားသောက်ဆိုင်တွေပတ်လည်ထားတဲ့ ညဘက် ဖျော်ဖြေရေး စတိတ်ရှိုးပါတဲ့ အမိုး အဖွင့် အပိတ်လုပ်နိုင်တဲ့ နေရာတခုလဲရှိပါတယ်။ ထိုင်းရိုးရာ အစားအသောက်တွေ အပြင် နိုင်ငံတကာ စားသောက်ဖွယ်ရာနဲ့ ဘီယာ အရက်မျိုးစုံ ကိုတနေရာထဲမှာ စားသောက်နိုင်ပါတယ်။ စားပွဲထိုးတဲ့ မိန်းကလေးတွေ ခပ်ချောချောရှိတဲ့ ဈေး တခုပေါ့။ အဲဒီအပြင် လမ်းဘေးမှာ ရောင်းချနေတဲ့ ဈေးဆိုင်လေးတွေ ရှိနေပြီး ဈေးဆစ်တတ်သူတွေ အတွက်ဝယ်လို့ကောင်းတဲ့နေရာဖြစ်လို့ ဘန်ကောက်ရောက်ရင် မသွားမဖြစ်သွားသင့်တဲ့ နေရာတခု လို့လမ်းညွှန်လိုက်ပါတယ်။
Type the rest of your post here.
Read More...
Collapse...